
ကျန်းမာရေးနှင့် အလှအပ အတွက် အကျိုးရှိစေမဲ့ အသီးတစ်မျိုး ကတော့ထောပတ်သီးဘဲဖြစ်ပါတယ်။
ကဗျာဆရာခါလီဂျီဘရန်က ‘ချစ်မေတ္တာ ကင်းပတဲ့ ဘဝဟာ မြုံနေတဲ့သစ်ပင်၊ ပန်းပင်နဲ့ တူတယ်’ လို့ဆိုထားတယ်။ အလားတူ ပျိုတို့ သုံးနေတဲ့ အလှကုန် ပစ္စည်းတွေဟာလည်း သစ်သီးသစ်ဖုတွေ မပါဘဲ ဓာတ်တုပစ္စည်း အားကိုးနဲ့ အစွမ်းရှိရိုး ထုံးစံမရှိပါဘူး။ သဘာဝက ပေးစွမ်းထားတဲ့ သစ်သီးသစ်ဥသစ် ဖုများနဲ့ ပျိုတို့အလှကို အရောင်တင်လင်းလက်စေခဲ့ရတာ ဖြစ်ပါတယ်။ ဒီတစ်ခါ ပျိုတို့ရဲ့လင်းရောင်ခြည်ကို တောက်ပစေမယ့် သစ်သီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။
အာရောဂျံအကျိုးကျေးဇူးများ
ထောပတ်သီးဟာ တခြားသော လူအများစားသုံးကြတဲ့ သစ်သီးတွေထက် ကာရိုတီနွိုက်လူတင်း (Carotenoid Lutein)ပါဝင်တာ ကြောင့် မျက်လုံးနဲ့ ပတ်သက်တဲ့ ဘေးဘယာများကို ကင်းရှင်းစေပါတယ်။ နှလုံးသမားများအတွက် ထောပတ်သီးဟာ အစဉ်သဖြင့် မှီဝဲ သင့်တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ထောပတ်သီးထဲက ဖိုလေး (Folate) ဓာတ်ပါဝင်မှုနှုန်း မြင့်မားခြင်းကြောင့် နှလုံးရိုက်ခြင်း၊ ဖြတ်ခြင်း များကို ကာကွယ် ပေးနိုင်စွမ်း ရှိပြီးနေ့စဉ် ထောပတ်သီးဖျော်ရည်တဟ်ခွက် သောက်သုံးခြင်းဖြင့် ရုတ်တရက် နှလုံးရှော့ခ်ရိုက်ခြင်းမှ ၂၃ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း လေ့လာချက်များအရ တွေ့ရှိရပါတယ်။ ဒါ့အပြင် ထောပတ်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင်အီး၊ Monounsaturated Fats နဲ့ ဂလူတသီဝမ်ဓာတ်တို့ဟာ နှလုံးအတွက် အားပေးစေတဲ့ ဓာတ်များပဲ ဖြစ်ပါတယ်။
ဗီတာမင်တွေထဲမှာ ပျိုတို့အတွက် အလှအပအတွက်ရော၊ ကျန်းမာရေး အတွက်ပါ အရေးအကြီးဆုံး ဗီတာမင်တစ်ခု ဖြစ်တဲ့ ဗီတာမင် အီးကို ချို့တဲ့နေတယ်ဆိုရင် ထောပတ်သီးကို သုံးဆောင်ပေးသင့်ပါတယ်။ ထောပတ်သီးဟာ ဗီတာမင်အီး ပေါကြွယ်ဝဆုံး သစ်သီးတစ်မျိုး ဖြစ်ပါတယ်။
ထောပတ်သီးဟာ ဝိတ်ကျစေတယ်လို့ အမေရိကန်နှလုံးရောဂါ အဖွဲ့ကြီးက ထောက်ခံချက်ပေးထားပါတယ်။ အမေရိကန်ဆီးချို ရောဂါကာကွယ်ရေး အဖွဲ့ကလည်း ထောပတ်သီးဟာ ဆီးချိုရောဂါမဖြစ်ပွားအောင်
ကာကွယ်တားဆီးပေးခြင်း
ထောပတ်သီးဟာ ကင်ဆာအတော်များများကို ကြိုတင်ကာကွယ် တားဆီးပေးပါတယ်။ အနောက်တိုင်းမှာ အမျိုးသမီးတွေ အဖြစ်များ နေတဲ့ ရင်သားကင်ဆာရောဂါကိုလည်း တားဆီးပေးပါတယ်။ ထောပတ်သီးထဲမှာ ပါတဲ့ အော်လီအစ် (Oleic) အက်ဆစ် ပါဝင်မှုကြောင့် ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်ကြောင်း သုတေသီ စာတမ်း အတော်များများမှာ တွေ့ရှိထားပါတယ်။
ထောပတ်သီးနဲ့ အလှပြင်နည်းများ
ထောပတ်သီးထဲမှာ ဗီတာမင်စီ၊ ဗီတာမင်အီးတို့ အထူးကြွယ်ဝတာကြောင့် ပျိုတို့ရဲ့ အလှအပတိုးတက်ရေးအတွက် အထူးပဲ သင့်တော်တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ သာမန်စားသုံးပေးရုံနဲ့တင် လူကို အကျိုးပြုစေတဲ့ သစ်သီး ဖြစ်ပါတယ်။
မျက်လုံးမို့အစ်ဖောင်းနေခြင
ဖိအိပ်ထားလို့ပဲ ဖြစ်ဖြစ်၊ ငိုထားလို့ပဲ ဖြစ်ဖြစ် မျက်ဝန်းပေါ်က မျက်ခွံအိမ်ေ ဖလး ဟာ မို့မို့ဖောင်း နေတတ်ပါတယ်။ ဒီမို့မို့ဟာ ပျိုတို့အတွက် လိုလားအပ်တဲ့ အရာတော့ ဟုတ်မယ် မထင်ပါဘူး။ ဒီလိုမျိုး မျက်ခွံမို့မို့ဖောင်းနေရင်
ကေသာဆံမြ နူးညံ့လှစေ
ပျိုတို့ကေသာအတွက် ဗီတာမင်အီးပါတဲ့ ရှမ်ပူတွေကို သုံးမယ့် အစား အောက်က ဖော်ပြထားတဲ့ နည်းလမ်းလေးနဲ့ ပြုလုပ်မယ်ဆိုရင် ပျိုတို့ရဲ့ ကေသာဟာ သိသိသာသာ နူးညံ့ပြီး ချောမွေ့လာပါမယ်။ ကမ္ဘာကျော်မော်ဒယ်တစ်ယောက်ဖြ
ဆဲလစ်တာရဲ့ ကေသာတောက်ပြောင် လျှို့ဝှက်ချက်နည်းကတော့ ထောပတ် သီး တစ်လုံးဝက်ခန့်ကို အနှစ်သားတွေပဲ ယူပြီးဆံပင်ကို လိမ်းကျံတာပဲ ဖြစ်ပါ တယ်။ မိနစ်အနည်းငယ်ခန့်ထားပြီးမှ
လက်အသားအရေ နူးညံ့ချောမွေ့စေခြင်း
ရွှေဇွန်းကိုက်ပြီး မမွေးလာရလို့ပဲ ဖြစ်ဖြစ်၊ ဘတ်စ်ကားလက်ရန်းကိုင်ပြီး ကားတိုးစီး နေရလို့ပဲ ဖြစ်ဖြစ် မေတို့ရဲ့ လက်ချောင်းလေးတွေ ဟာ ထူထဲမာကြမ်းနေတယ်ဆိုရင် ထောပတ်သီးက နူးညံ့သွားအောင် တာဝန်ယူကူညီဖြေရှင်းပေးပါရေ
ထောပတ်သီး (အခွံနွာပြီးလေးပုံတစ်ပုံခန
ထောပတ်သီးနဲ့ နေလောင်ဒဏ်အသားအရေကို ကုစားနိုင်ပါသေးတယ်။ လတ်လတ် ဆတ်ဆတ် ထောပတ်သီးတစ်လုံး ရဲ့အတွင်း သား နဲ့ နေလောင်ခံထားရတဲ့ အရေပြားတွေကို ညင်သာစွာ ပွတ်ပေးပါ။ နေလောင်အသားအရေများ ကင်းပသွားပြီး နေ့စဉ်ထော ပတ်သီးကို စားသုံးပေးမယ်ဆိုရင် အလွယ်တကူ ဖျားနာခြင်းများ၊ အားအင် ကုန်ခမ်းမောပန်းခြင်းများကိ
လျှို့ဝှက်ချက် – ထောပတ်သီးအတွင်းသားနဲ့ တစ်ကိုယ်လုံးကို လိမ်းကျံပေးရင်လည်း ကိုယ်အရေပြားနူးညံ့စေပါတယ်။
သတိထားရမည့်အချက်များ – ထောပတ်သီးကို ရေခဲသေတ္တာထဲမှာ လှီးပြီး၊ ခြမ်းပြီး၊ စိတ်ပြီး ၂ ရက်ခန့်အထိ သိမ်းထားနိုင်ပါတယ်။
ထောပတ်သီးကို ခွဲခြမ်းပြီးနောက် မြန်မြန်သုံးလေပိုပြီး အာနိသင်ရှိလေပဲ ဖြစ်ပါတယ်။ အကြာကြီး သိမ်းထားရန် မသင့်ပါ။
Source: http://onlinepyadaik.com/
No comments:
Post a Comment